မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မလေးရှာရောက် ရွှေမြန်မာများဖွဲစည်းတည်ထောင်ထားတဲ့ဘလော့မှ ကြိုဆိုပါတယ်.

Thursday, 3 May 2012

ရှေးလက်ရာတွေ ခံစားနိုင်မယ့် 'မြန်မာအလှ'ပန်းချီပြပွဲ


မြန်မာအလှပွဲတွင် ခံစားကြည့်ရှုရမယ့် ပန်းချီမောင်ငွေထွန်း ရဲ့လက်ရာမွန်။

မြန်မာပန်းချီကျော် ၁၆ ဦးရဲ့ ရှားပါး ပန်းချီလက်ရာတွေကို ဇန်န၀ါရီလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ Gallery 65 မှာ ပြသသွားမှာ ဖြစ်ပါတယ်။
သက်ရှိထင်ရှားရှိသေးသူ ပန်းချီ ဦးမာလာနဲ့ ဦးခင်မောင်သန်း တို့ရဲ့ လက်ရာတွေနဲ့ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ပန်းချီဦးငွေကိုင်၊ ဦးဘသက်၊ ဦးကိုလေး၊ ဦးကံညွန့်၊ ဦးဉာဏ်ရှိန်၊ မောင်ငွေထွန်း၊ ဗဂျီအောင်စိုး၊ ဦးကြည်၊ ဦးနှစ်၊ ဦးထွန်းညွန့်၊ ဦးဝသုန်၊ ဦးမောင်မောင်သိုက်၊ ဘိုကလေးကျော်လှိုင်နဲ့ ဦးသန်းအောင်တို့ရဲ့ လက်ရာတွေကို ကြည့်ရှုရမှာဖြစ်တဲ့ အဲဒီပွဲလေးကို 'မြန်မာအလှ'လို့ အမည်ပေးထား ပါတယ်။
ဆရာကြီးဦးမာလာရဲ့ ဆီဆေးကား တစ်ကားကလွဲလို့ ကျန်ပန်းချီ ဆရာကြီး တွေရဲ့ လက်ရာတွေဟာ ရေဆေးကားတွေဖြစ်ပြီး ဒီလို
ရှားပါးလက်ရာတွေကို စုစည်းပြသဖြစ်ပုံကတော့ ပန်းချီကား စုဆောင်းသူတစ်ဦးရဲ့ စိတ်ကူးပဲဖြစ်ပါတယ်။
"ပန်းချီပြပွဲ အများစုက လက်ရာ အသစ်တွေကို ပြသတာများပါတယ်။ ပန်းချီကားအသစ်တွေကို စိတ်ဝင်စားကြပြီး စုဆောင်းဝယ်ယူကြတာများ တော့ အရင်က ပန်းချီကျော်တွေ ဆွဲခဲ့တဲ့ လက်ရာကောင်းတွေရဲ့ စိတ်ဝင်စားမှု ရော ဘယ်လောက်ရှိသလဲ ဆိုတာကို သိရအောင် အစမ်းသဘောနဲ့ ပြသဖို့ စီစဉ်ဖြစ်တာပါ"လို့ ပွဲစီစဉ်သူဖြစ်တဲ့ အဲဒီပန်းချီကား စုဆောင်းသူက ပြောပါတယ်။
"ကျွန်တော် ၁၉၉၄ ခုနှစ်လောက် ကတည်းက အိမ်မှာချိတ်ဖို့ ရည်ရွယ်ရင်း ပန်းချီကားတွေ ၀ယ်ဖြစ်တယ်။ အဲဒီကမှ ကြိုက်လို့ ၀ယ်ရင်းနဲ့ ပန်းချီကားတွေ များလာပြီး စုဆောင်းဖြစ်သွားတယ်"လို့ လည်း သူက ဆိုပါတယ်။
ဒီပြပွဲလေးဟာ ရှေးလက်ရာပန်းချီ ကားတွေကို စိတ်ဝင်စားနှစ်သက်သူတွေ တစ်နေရာတည်းမှာပဲ ပညာရှင်အစုံရဲ့ ရှားပါးလက်ရာ တွေကို ခံစားနိုင်မယ့် ပွဲလေးဖြစ်ပြီး ပန်းချီကားတချို့ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review