မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မလေးရှာရောက် ရွှေမြန်မာများဖွဲစည်းတည်ထောင်ထားတဲ့ဘလော့မှ ကြိုဆိုပါတယ်.

Saturday, 5 May 2012

မြန်မာ ၅ ဦး ရနောင်း ရေပြင်တွင် အဖမ်းခံရ


သစ်များ သယ်ဆောင်လာသော မြန်မာပြည်သား ၅ ဦးကို ထိုင်းရေပိုင်နက်ထဲမှာ ဒီနေ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာန မန်နေဂျာအွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။ကော့သောင်းတဘက်ကမ်း ရနောင်းမြို့နယ်ဝန်းကျင်မှာလို့ သိရပါတယ်။ထိုင်းရေတပ် ကင်းလှည့်နေတုန်း ဒီလို ဖမ်းဆီးရာမှာ ၅ – ၆ ပေခန့် အရှည်ရှိတဲ့ သစ်သားချောင်း ၁၅၀ ကိုလည်း သိမ်းဆည်းလိုက်တယ်လို့ ဆိုပါတယ်။

ဒီမြန်မာပြည်သားတွေဟာ "သစ်ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူရသော အသက် ၄၀ အရွယ် မြန်မာ ပြည် သား တဦးနှင့် တပည့် ၄ ဦး" ဖြစ်တယ်လို့ သတင်းမှာ ရေးထားပါတယ်။


ဒီသစ်တွေအတွက် ပို့ဆောင်ခ ဘယ်လောက်ရမယ် ဆိုတာ မသိရဘူး၊ ရနောင်းမှာရှိတဲ့ လူတယောက်ဆီကို ပို့ပေးရမယ် ဆိုတာပဲ သိတယ်လို့ အဖမ်းခံရသူတယောက်က ထွက်ဆိုပါတယ်။ သူတို့ကို တရားမ၀င် သစ်သယ်ဆောင်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်မှုတို့နဲ့ ရနောင်းမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

သန်းထိုက်ဦး

Source by :http://www.irrawaddyblog.com/

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review