မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မလေးရှာရောက် ရွှေမြန်မာများဖွဲစည်းတည်ထောင်ထားတဲ့ဘလော့မှ ကြိုဆိုပါတယ်.

Friday, 27 April 2012

မလေးရှားရောက် ရွှေမြန်မာများအား အထူး သတိပေးချက် -( ၃ )




မလေးရှားရောက် မြန်မာနိုင်ငံသားများ အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ အခု အချိန်တွင် မလေးရှားနိုင်ငံ အတွင်း အော်ပရာစီ(စစ်ဆင်ရေး) ကိစ္စများကို စတင်ပြုလုပ် အကောင်အထည် ဖော်ဆောင်လျှက် ရှိနေပါတယ်။ သို့ဖြစ်ပါ၍ မလေးရှားနိုင်ငံအတွင်း နေထိုင်ကြသော မြန်မာနိုင်ငံသားများ အားလုံးတွင် အထောက်အထား မရှိသူ အိုဗာစတေး သမားများ အနေဖြင့် သတိဖြင့် နေထိုင် သွားလာကြပါရန် သတိပေး အပ်ပါသည်။

ယခု အရေးပေါ် သတင်းအရ မတ်လအတွင်း မလေးရှားနိုင်ငံအတွင်း အသေးစား အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု သတင်း ရရှိပါသည်။ မလေးရှား လ၀က နှင့် ရဲ အရာရှိများက အရပ်ဝတ်ဖြင့် လှည့်လည်နေပြီး မိမိတို့ စစ်ဆေးချင်သောသူအား .... ၄င်းတို့၏ ၀န်ထမ်းကဒ်များ ထုပ်ပြပြီး စစ်ဆေးကြပါသည်။ အိုင်စီ (နိုင်ငံသား လက်မှတ်) ကိုင်ဆောင် ထားသူများပင် မသင်္ကာပါက ကားဖြင့် ခေတ္တ တင်ဆောင်သွားပြီး သေချာ စစ်ဆေးပြီးမှ ပြန်လွှတ်ပါသည်။

ဆက်လက်၍ ကျွန်တော့်ထံသို့ ဖုန်းမှ သတင်းပေးချက်အရ 19 ရက်နေ့က KLCC သုံးလွှာ နှင့် ၎င်းအနီးတစ်ဝိုက်တွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည် ဟု သတင်းပေးချက်များ အရ သိရှိရပါသည်။ ယခု ဂျလန်အာလော နေရာ တစ်ဝိုက်တွင် စောင့်ကြည့်မှုများ နှင့် အရပ်ဝတ်ဖြင့် လှည့်လည်နေကြောင်း အော်ပရာစီ(စစ်ဆင်ရေး) လုပ်ငန်းများ စတင်မည် ဟု ပြောပြလာပါတယ်။ နေ့ရက် ၊ အချိန် ၊ နေရာများကို တိတိကျကျ ပြောပြခြင်း မရှိပါဘူး ။ မထင်မှတ်သော အချိန်များတွင် ရှောင်တခင် ဝင်ရောက် ဖမ်းဆီး စစ်ဆေးမှုများ ရှိနိုင်ပါသည်။

ယခု 6P ကိစ္စများ နဲ့ ပက်သက်ပြီး အားလုံး တရားဝင် ဖြစ်ရေးအတွက် အော်ပရာစီ(စစ်ဆင်ရေး) များ စတင်နေပြီ ဖြစ်ပါတယ်။ သို့ ဖြစ်ပါ၍ စနေနေ့ တနင်္ဂနွေနေ့ နှင့် တစ်ခြားရက်များတွင် ရွှေမြန်မာများ လူစည်ကားသော နေရာများ နှင့် မိမိနေထိုင်သော ပတ်ဝန်းကျင်များအတွင် သတိထား၍ နေထိုင် သင့်ပါကြောင်း နှင့် မိမိ ခရီးသွားလာပါက မိမိ၏ ပတ်စပို့ နှင့် အထောက် အထား တစ်စုံတရာ မရှိပဲ သွားလာခြင်းအား ဂရုစိုက် သတိထား သင့်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဖမ်း အဆီး ကိစ္စများနဲ့ ပက်သက်ပြီး သတင်းများ ကို ကျွန်တော် သိရှိ လက်လှမ်းမှီ သလောက်တင်ပြ ပေးပါမည်။ အရေးကြီးသော မလေးရှားမှ သတင်းများကို ကျွန်တော်ရဲ့ဖုန်း = +6010 2148 677 နှင့် အီးမေး nayzawlin1@nayzawlin.com - nayzawlin1@gmail.com ကိုပေးပို့၍ မလေးရောက် ရွှေမြန်မာများ ဘေးရန် အန္တရာယ် ကင်းဝေး စေရန်အတွက် သတင်း ကဏ္ဍမှ မိမိ သိရှိတာ တင်ပြသင့်တာကို အကူအညီပေး သတင်းပေး အကြံညဏ်ပေး နိုင်ပါသည်။

Nay Zaw Lin 1
http://www.nayzawlin.com/search/label/Malaysia

Malaysia News Information & Online Radio Blogger 

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review