မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မလေးရှာရောက် ရွှေမြန်မာများဖွဲစည်းတည်ထောင်ထားတဲ့ဘလော့မှ ကြိုဆိုပါတယ်.

Friday, 27 April 2012

၂၀၁၂ ခုနှစ် မလေးရှား ရွှေစည်သာ သင်္ကြန်ဓာတ်ပုံများ


 


မလေးရှားနိုင်ငံတွင် မဟာသင်္ကြန်ပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိခဲ့ပြီး ယခုနှစ်တွင် ဧပြီလ ၁၂ ရက်နေ့ သင်္ကြန်အကြိုနေ့၌ မလေးရှားနိုင်ငံ၊ ကွာလာဆလန်းဂေါနယ်မြေရှိ စကင်းချန်းဒေသတွင် မဟာနန်း လုပ်ငန်းစုမှ ကြီးမှူး၍ ရွှေစည်သာ မဟာသင်္ကြန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ရွှေစည်သာသင်္ကြန်တွင် မြန်မာသံစဉ်အဆိုတော်ကြီး သန်းမြတ်စိုး၊ (Examplez) ထွန်းထွန်း၊ ငယ်ငယ်၊ ကြိုးကြာ၊ Bobby Soxer ၊ ခေမီကိုနှင့် Dancer များအဖွဲ့၊ Uranium, Life & Dance, Twin Brother အကအဖွဲ့များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။


မလေးရှားရောက် ရွှေမြန်မာညီအစ်ကို မောင်နှမများသည် ကွာလာလမ်ပူရှိ မဟာနန်းစားသောက်ဆိုင် ရှေ့မှ စကင်းချန်းရှိ ရွှေစည်သာ သင်္ကြန်ပွဲ ကျင်းပရာ ကွာလာ ဆလန်းဂေါသို့ Express ကား ၁၂ စီးဖြင့် နံနက် ၆ နာရီမှ စတင်ထွက်ခွာခဲ့ကြပြီး ပျော်ရွှင်စွာ ရေကစားခဲ့ကာ ညနေ ၆ နာရီတွင် ရေကစားခြင်းကို ရပ်ကာ ကေအယ်လ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။မလေးရှားနိုင်ငံသား တရုတ်ကုမဏီတချို့ အပါအ၀င် အလှူရှင် (၁၀) ဦး တို့မှလည်း စတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

၂၀၁၂ ခုနှစ် မဟာနန်း - ရွှေစည်သာ မဟာသင်္ကြန် စတုဒိသာ အလှူရှင်များမှာ -၁။ (ကေအယ်လ်) နာရေးကူညီမှုအသင်းမှ မုန့်ကြာစိ နှင့် သာကူ၂။ (ကပုန်း) ၇-ရက်သားသမီး နာရေးကူညီမှုအသင်းမှ မုန့်လက်ဆောင်း၃။ (စကင်းချန်း) အစင် လူငယ်များ အသင်းမှ ကျွဲရိုင်း၎။ (စကင်းချန်း) ထားဝယ် လှေအဖွဲ့သားများအသင်းမှ ဒံပေါက်၅။ Ocean Roto Moulding Sdn. Bhd. မှ ကြာဇံကြော် နှင့် မုန့်လုံးရေပေါ်၆။ Manda Jasa Sdn. Bhd. မှ ကြက်သားပေါက်စီ နှင့် အအေး၇။ NG trading Co.Ltd. မှ ပလာတာ နှင့် ကြက်သား၈။ Yi Ming Engineering Sdn. Bhd. မှ ရေ နှင့် မီးအလှူ၉။ ရွှေစည်သာ စတိုးနှင့် စားသောက်ဆိုင်မှ မုန့်ဟင်းခါး၁၀။ ငါးခြောက်စက်ရုံမှ ရွှေမြန်မာများမှ ခေါက်ဆွဲကြော် တို့ဖြစ်သည်။ လေပြည်
မြန်မာသံစဉ်အဆိုတော်ကြီး သန်းမြတ်စိုးမှ ဖျော်ဖြေနေစဉ်



ကြိုးကြာ၏ သီဆိုဟန်
Twin Brother မှ ကပြဖျော်ဖြေစဉ်

ခေမီကို နှင့် Dancer အဖွဲ့မှ ကပြဖျော်ဖြေစဉ်

စွာတေးလန်ပဲ ဆိုတဲ့ Bobby Soxer

ကြိုးကြာ နှင့် Dancer အဖွဲ့မှ ကပြဖျော်ဖြေစဉ်

ငယ်ငယ်ရဲ့ သီဆိုဟန်
အဆိုတော် ထွန်းထွန်း

မန်းတောင်ရိပ်ခို (မြနန္ဒာ) သီချင်း ဖြင့် သီဆို ကခုန်ကာ ပိတ်သိမ်း


Source by :(သတင်းဓါတ်ပုံ - လေပြည်) 

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review