မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မလေးရှာရောက် ရွှေမြန်မာများဖွဲစည်းတည်ထောင်ထားတဲ့ဘလော့မှ ကြိုဆိုပါတယ်.

Tuesday, 10 April 2012

♥♫အောင်အောင်(မကစ) ၏ကဗျာများစုစည်းမှု (၁)♥♫




ခုလို ကျနော့်ရဲ့ စိတ်ကူးလေးတွေနဲ့ ဖန်တီးထားတဲ့ကဗျာလေးတွေကို အားပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း  ကျနော့်ရဲ့ဘလော့လေးထဲကို လာရောက် အားပေးကြဖို့လည်း ဖိတ်ခေါ်လိုက်ပါရစေ...လာမယ်ဆို
သည်မှာကလစ်   လိုက်ပါနော်
ဒီပဲယင်းသားလေး
          အောင်အောင်(မကစ) 


တုနှိုင်းမဲ့ မေမေ

       
မေမေ
နေကောင်းလား မေမေ
လွမ်းနေလား မေမေ
သားအတွက်ပူပန်နေလား မေမေ။
မေမေ
သားအတွက်ဘာမဆိုပေးဆပ်ခဲ့တဲ့ မေမေ
သားအတွက်အရာရာပြီးပြည့်စုံခဲ့တဲ မေမေ
သားအတွက်ခွန်အားတွေပေးခဲ့တဲ့ မေမေ။

မေမေ
မေမေ့ကို ထားခဲ့ရပြီလေ
မေမေ့ကိုအလွမ်းတွေပေးခဲ့ရပြီနော
မေမေ့ကို ပူပန်စေခဲ့ရပြီမေမေ။
မေမေ
စိတ်ချနေပါ မေမေ
မေမေ သိအောင်ပြောပြရအုံးမယ် မေမေ
တိုးတက်တဲ့ဒီနေ့ခေတ်ကြီးထဲမှာေ
မော်ဒယ်လ်ဆန်တဲ့အလှပတွေ
ရေပန်းစားနေပြီ မေမေ
ဒါတွေလဲ...သားမခံစားတတ်ပါဘူး မေေ
သားကို ရင်ဝယ်ပိုက်ပြီး
လောကဒဏ်ကိုရင်ဆိုင်နေခဲ့ရတဲ့...မေမေရဲ့
အပြုံးပန်းတပွင့်ကိုလေ
ဘယ်သူချယ်မှုန်းလို့မှ မှီမယ်မထင်ပါဘူး မေမေ။

မေမေ
မြူးကြွသူယာလှပါတယ်ဆိုတဲ့ ဒီနေ့ခေတ်ရဲ့ တေးဂီတတွေ
ဟစ်ဟော့ ဒီဂျေ တွေဆိုတာတွေလေ
နေရာတိုင်းမှာရေပန်းစားနေကြလေရဲ
သားအတွက်တော့
ဟိုးငယ်ငယ်က အလိုမကျတိုင်းစိတ်တိုတိုနဲ့
ငေါက်ငန်းခဲ့ဖူးတဲ့...မေမေ့ရဲ့ ဂရုဏာဒေါသသံလောက်တောင်မှ
နားဝင်မချိုခဲ့ပါဘူး မေမေ။

မေမေ
ရှိသေးတယ် မေမေ
လူတိုင်းကိုဖမ်းစားနေတဲ့
အဖိုးတန် ပြင်သစ်ရေမွှေးတဲ့လေ
သင်းပျံ့မွှေးကြိုင်ပြီး ဆွဲဆောင်မှုကောင်းတဲ့ ရနံ့လေးပေါ့
သားအတွက်တော့လေ.........
လယ်တောက မောပန်းစွာပြန်လာတဲ့....
ချွေးစို့နေတဲ့....မေမေ့ရဲ့....
ကိုယ်သင်းရနံ့လောက်မျှပင် မသင်းပျံ့ခဲ့ပါဘူး မေမေ။

မေမေ
တကယ်တော့လေ.
သားတို့အတွက်
တုနှိုင်းမဲ့လှတဲ့....သူ.....ဆို....တာ
မေမေ ဆိုတဲ့.....မေမေရယ်ပါ....။

သည်ကဗျာလေးကတော့ ကျနော်သိပ်ချစ်တဲ့ မေမေအတွက်
ရည်ရွယ်ပြီး အဝေးတနေရာကနေ ကန်တော့လိုက်ပါတယ်။



ဒီပဲယင်းသားလေး
       အောင်အောင်(မကစ)
                       ရင်တွင်းဖြစ်
15.7.2011/6.12Pm

ဆန့်ကျင်ဘက်နှလုံးသား တစုံရဲ့ ညီမျှချင်း

       


  • အံ့သြလိုက်ပုံများနော်
  • ဆန့်ကျင်ဘက်နှလုံးသားနှစ်ခု
  • အသဲစွဲ ချစ်နေကြလေရဲ့
  • မူမတူတဲ့ နှလုံးသားနှစ်ခု
  • အချစ်ဖြစ်မလာဘူးလို့...
  • ဘယ်သူတွေ ပြောကြမလဲနော်
  • ကျနော်သိပ် ချစ်မိတဲ့
  • ကောင်မလေးတယောက် နဲ့ ကျနော်
  • ချစ်လိုက်ကြတာလည်း အသဲစွဲ
  • ဖြစ်လိုက်ရင်လည်း ဆန့်ကျင်ဘက်ချည်းဘဲ
  • သူက ခရီးသွားတာ မနှစ်သက်သူ
  • ကိုယ်က အိမ်မှာ ငြိမ်မနေတတ်သူ
  • သူက နှုတ်ဆိတ်နေတတ်သူ
  • ကိုယ်က ပြောဆိုနေရမှ ကျေနပ်သူ
  • သူက မြန်မာ Movies တွေကိုနှစ်သက်သူ
  • ကိုယ်က Fighting action တွေကို ကြိုက်တတ်သူ
  • သူက သ၀န်တိုပြီး ချစ်တတ်သူ
  • ကိုယ်က လွတ်လပ်မှုကို မြတ်နိုးသူ
  • ကဲ..................ဗျာ
  • ဘယ်အရာတွေက ထပ်တူကြနိုင်မလဲ
  • အားလုံးကဆန့်ကျင်ဘက်တွေပေါ့
  • သူက ကျနော်ကိုအရမ်း ချစ်တယ်
  • ကျနော်က သူ့ကို သိပ်မြတ်နိုးမိတယ်
  • ဆန့်ကျင်ဘက် နှလုံးသား တစုံ
  • သူ နဲ့ ကျနော်
  • သိပ် ချစ်တာချင်းတူကြတယ်
  • ဆန့်ကျင်ဘက်တွေရဲ့ အဆုံးစွန်း တနေရာရာမှ
  • သူ နဲ့ ကျနော်
  • သိပ်ချစ်တာချင်း တူညီကြလေရဲ့
  • သူမရှိတဲ့ အချိန်တွေ ကျနော်မနေတတ်သလို
  • ကျနော်မရှိတဲ့ အချိန်တွေဆို.....
  • သူငိုနေတတ်ပြီကော..............
  • အရာရာကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့
  • နှလုံးသားတစုံဟာ.....
  • အချစ် ညီမျှချင်းဆိုရင်
  • ကဲ...............တကယ်ပါ
  • LOVE = ဆန့်ကျင်ဘက် စိတ်.......။...........။



ဒီပဲယင်းသားလေး
အောင်အောင်(မကစ)

            ရင်တွင်းဖြစ်
20/11/2011



ကျောခိုင်းခဲ့ ရ ချစ်သောအမိမြေ

                 


လက်ပြနှုတ်ဆက်သူမရှိ
ရင်နာနာနဲ့ နှုတ်ဆက်ခဲ့မိတယ်
နှလုံးသားနံရံက ပုလဲဥတို့ ကြွေကျသည့်တိုင်
ငါ့ဝေဒနာတွေကို ထွေးပိုက်ရင်း
ကျောခိုင်းလို့ စွန့်ခွါခဲ့ရပြီ
ငါချစ်သော အမိမြေ
ငါချစ်သော ငါ့ အဖေအမေ
ငါချစ်သော ငါ့အဆွေ
ငါချစ်သော ငါ့အပေါင်းသင်းတစု
ငါချစ်သော ကောင်မလေး
ဟားးးးးးးးးးးးးးးးးးးး
အရာအားလုံးကိုကျောခိုင်းကာ
ငါ့ဘ၀ရဲ့ တိုးတက်ရာဆိုတဲ့ ဆန္ဒနဲ့
တိုင်းတပါးရဲ့ ကျွန်အဖြစ်ခံယူရင်း
ငါ့ခွန်အားတွေ အရင်းပြု
ငါဘ၀ကို ငါဖန်တီးခဲ့ရပြီ
ငါသိပ်ချစ်တဲ့ အမိမြေ
ငါတနေ့ ပြန်လည် ခြေချမည်
ငါချစ်တဲ့ ငါ့နိုင်ခံအတွက်
ငါကောင်းကြိုးတွေ ပေးနိုင်ရမည်
ငါချစ်တဲ့ အရာအားလုံးအတွက်
ငါကျောခိုင်းခဲ့ ရပြီ......


ဒီပဲယင်းသားလေး
             အောင်အောင်(မကစ)
                    ရင်တွင်းဖြစ်
                  23/11/2011


အလှတရား၏နောက်ကွယ်မှာ

               





  • အတ္တတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝ
  • မာနတွေနဲ့ မွန်းကြပ်နေတဲ့ ခန္ဓ္ဓာ
  • ပကာသနတွေနဲ့ တန်ဆာဆင်တဲ့ အလှ
  • သကာလိုချိုမြတဲ့ အပြော
  • ရွှန်းလဲ့တောက်ပတဲ့ မျက်ဝန်းတစုံ
  • ကောင်းခြင်းများစွာနဲ့ ပြည့်စုံတဲ့မင်းရဲ့ ဘဝ
  • လူတကာပြောနေကြတယ်
  • အမရာ ကိန္ဒရီ
  • မဒီ သမ္ဗူလ
  • တော်လေး၀၀င်တဲ့ မိန်းမလှမျိုးတဲ့လေ
  • ဟုတ်မှာပါလေ...........
  • မင်းကသိပ်လှပါတယ်.....
  • ဒါပေမယ့် မိန်းကလေးရေ
  • ငါမြင်နေတဲ့ မင်းရဲ့ အသွင်
  • သိပ်ကိုအကျည်းတန်နေပါလား
  • ဘ၀ကို အတ္တစိတ်နဲ့ ရှင်သန်
  • မာနခြေ လှမ်းတွေနဲ့ ဖြတ်သန်း
  • ပကာသနတွေ အပေါ်ယံဆင်မြန်း
  • ချိုသာတဲ့ အပြောလေးတွေနဲ့ ဖျားယောင်း
  • တောက်ပ ရွှန်းလဲ့တဲ့မင်းအကြည့် တချက်အောက်
  • ကျရှုံးခဲ့ရတဲ့ လူပေါင်းများစွာအတွက်
  • ၀င့်ကြွားစွာ အောင်ပွဲခံ
  • ဟာ............ဟ.......ဟား...........
  • ဘယ်မှာလည်း စစ်မှန်တဲ့ မင်းအလှ
  • နှလုံးသွေးများစွာကို သောက်သုံး
  • မင်းအလှအတွက် ...
  • ချစ်တတ်တဲ့ နှလုံးသွေးတွေ
  • သောက်သုံးနေရတာ မင်းအလှတဲ့လား
  • တကယ်တော့ မိန်းကလေး
  • မင်းရဲ့ အမူအကျင့်တွေကို ဖယ်ခွါ
  • ကြင်နာတဲ့ စိတ်ကလေးထားလိုက်မယ်ဆို
  • လူတွေပြောတဲ့ မင်းအလှ
  • ကမ္ဘာမှာတောင် စံတင်လောက်ပါရဲ့
  • ခုတော့ မိန်းကလေးရေ..........
  • ငါပြောတဲ့ အကျည်းတန်မှုတွေဟာ
  • မင်းအလှတရားရဲ့....... နောက်ကွယ်မှာပါ.............
  • အလှတရားရဲ့.......................
  • နောက်ကွယ်မှာ.....။............။..................။


ဒီပဲယင်းသားလေး
             အောင်အောင်(မကစ)
                 ရင်တွင်းဖြစ်
               23/11/2011



အဖေ့အတွက် တမ်းတခြင်း

              

'အဖေသိခဲ့ရင်လေ''

တစ်ချိန်တုန်းက

သားအဖနှစ်ယောက်ဟာ
ခြေသလုံးအိမ်တိုင်နဲ့

ဘ၀ကိုဖြတ်သန်းခဲ့တုန်းက
အဖေ့ရဲ့ဖ၀ါးတွေဟာ

သားတစ်ယောက်အတွက်
မျှော်လင့်ခြင်းရဲ့ မနက်ဖြန်တွေပါဘဲ.......

ဒုက္ခဆိုတဲ့တရားကို ရင်ဆိုင်နိုင်ဖို့
စကားခါးခါးတွေသုံးတတ်တဲ့

အဖေ့ရဲ့လေသံတွေမှာ
သား တို့အတွက်ဆိုတာ
အဖေ့မျက်ဝန်းတွေက

သိစေချင်နေတယ်လေ......
တကယ်တော့.....
အဖေဆိုတာဝမ်းနဲ့ မလွယ်ခဲ့ရပေမဲ့
ချွေးနဲ့လွယ်ခဲ့ရသူ တစ်ယောက်ပါ...
လူတွေထဲက လူတစ်ယောက်ဖြစ်ဖို့
လောကရဲ့ တတ်သင့်တဲ့ပညာတွေသင်ပေးရင်း
အသိတရားတွေကို
နှလုံးအိမ်ထဲ စိမ့်ဝင်စီးဆင်းစေချင်တဲ့
အဖေပေါ့......
ဒါပေမဲ့...
ခွေးမြှီးကောက် ကျည်တောက်စွပ်
ကျွဲပါးစောင်းတီး တက်တဲ့
သားသမီးတွေအကျင့်ကြောင့်

အဖေ့မေတ္တာရေတွေ
ကုန်ခမ်းသွားမှာ မဟုတ်ဘူးဆိုတာ
ကျွန်တော်သိတယ် အဖေ........
ဇရာထောင်းခဲ့ပေမဲ့ လက်အိုတွေကမ်းလှမ်းရင်း
နောက်ဆုံးထွက်သက်အထိ

ဖေးကူစောင့်ရှောက်ချင်တဲ့
သားသမီး တို့ရဲ့အဖေ

နေ၀င်ချိန်အထိ စိတ်မချခဲ့ဘူးမဟုတ်လား....
သမုဒ္ဒရာဝမ်းတစ်ထွာ ရုန်းကန်ရှာဖွေရင်း
အားအင်အပြည့်နဲ့ အပြုံးတချက်
နှုတ်ခမ်းအထက်မှာ တပ်ဆင်ရင်း
ထမင်းလက်ဆုံစားခဲ့ဖူးတဲ့ နေ့တွေ
သား ... မမေ့သေးဘူး အဖေ.....
မျက်ရည်တစက် အဖေ့အတွက်တဲ့....
ဒီကဗျာရေးတိုင်း
ကျခဲ့တဲ့ မျက်ရည်စတွေက
သတိရမှု အထိမ်းအမှတ်တွေလား
သား မသိဘူး.....
သား သိပ်လွမ်းတယ် အဖေ...
လောကဒဏ်ကို အံတုတုန်း
အထိနာခဲ့တဲ့ အချိန်တွေမှာ
နာကျင်စွာ အော်ဟစ်ရင်း
အဖေ့နားကို အပြေးလာချင်တဲ့
သား ရဲ့စိတ်တွေ အချိန်လွန်မှ
ပြန်လှည့်ချင်တဲ့ နာရီပေါ်ကလက်တံတွေနဲ့
တူနေလေရဲ့.......

အဖေ....
နောင်တဆိုတာပြင်ဆင်ခွင့်တော့ ရှိပါတယ်
ပြန်ဝယ်လို့မရဘူး
အနာဂတ်တော့ရှိပါတယ်
အတိတ်ကိုတော့ မေ့လို့မရတဲ့
စကားလုံးမျိုးပါ
အဖေ.....
အဖေမရှိခဲ့ရင်တောင်မှလေ....အဖေ့သားဟာ
သမိုင်းအသစ်ဖွင့်မဲ့ စာမျက်နှာတွေမှာ
အဖေစကားသံတွေ နားထဲအထပ်ထပ်သွပ်သွင်းရင်း
ဘ၀ရဲ့အကြိမ်ကြိမ် စိမ်ခေါ်မှုမှာ
လျှောက်လှမ်းနေဆဲ ဆိုတာ
အဖေ သိခဲ့ရင်လေ.............
သားရဲ့ အဖေ့အတွက် တန်းတခြင်းတွေဟာ...
....ကမ္ဘာတည်နေသမျှပါ..........................

ဒီကဗျာလေးကို အရမ်းကြိုက်လို့ ကျနောချစ်တဲ့ ဖေဖေအတွက်

ပြန်လည်တင်ပြလိုက်တာပါ

♥♥ အောင်အောင်(မကစ) ♥♥


online ပေါ်ကချစ်သူ

          


ကောင်မလေး
နင့်ကိုမေးပါရစေ
ကောင်မလေး…။

နင်...ငါ့ကိုမြင်ဖူးခဲ့သလား
နင်...ငါ့ကို ခင်ဖူးခဲ့သလား
နင်...ငါ့နဲ့ ဆုံဖူးခဲ့သလား
ကောင်မလေး ။........။

နင်သိအောင်ပြောပြမယ်
ငါ နင့်ကိုအရမ်းခင်သွားပြီ
ငါ တင့်ကိုတွေ့ဖူးခဲ့ရပြီ
ငါ နင့်နဲ့ ဆုံနေဖြစ်ခဲ့ပြီ
ကောင်မလေး။..........။
နင်သိလား
ငါ နင့်ကို ချစ်နေမိတာ

ငါ နင်နဲ့နေ့တိုင်းတွေ့နေခြင်ခဲ့တာ

ငါ နင်နဲ့စကားတွေပြောနေခြင်ခဲ့တာ

ငါ နင့်ဆီအပြေးလာခြင်ခဲ့တာ
ကောင်မလေး။............။
ဘာတွေတွေးနေလဲ....

ဒါဟာအိမ်မက်မဟုတ်တဲ့
တကယ့်ဖြစ်ရပ်အမှန်တွေပါနော်
ဆန်းကြယ်စွာတီထွင်ထားတဲ့
နည်းပညာရှင်တွေရဲ့ ကျေးဇူးကြောင့်ပေါ့
ကောင်မလေး။.........။
ရင်ထဲကအရှိကိုပြောမယ်
နင့်ကို သိပ်ချစ်မိခဲ့တယ်
ကောင်မလေး…။

နင်ဟာငါ့ရဲ့...

online ပေါ်က ချစ်ခဲ့ရသူပါ...။

ဒီပဲယင်းသားလေး
            အောင်အောင်(မကစ)
                 ရင်တွင်းဖြစ်
                11/9/2011


အနာဂါတ်ငါ့ ကမ္ဘာ
       
ငါ့ဘ၀ရဲ့ အနာဂါတ်
ငါကျော်ဖြတ်ရင်းနဲ့
ငါမျှော်လင့်တဲ့ပန်းတိုင်ဆီ...
တဖြေးဖြေးနဲ့ ဝေးများနေပြီလား...
ငါလိုခြင်တဲ့ အိပ်မက်ကမ္ဘာ
ခပ်ရေးရေးဘဲ ထင်ကျန်နေပါလား
ကံကြမ္မာရယ် မညှာတာလို့
ခုက္ခတွေကို ထမ်းပိုးလာ
မြစ်ပြင်ကျယ်က လှိုင်းလုံးတွေအလား
တလိမ့်လိမ့် ရိုက်ပုတ်ခြင်းခံနေရတဲ့
ငါ့နှလုံးသားကမ်းပါးအချို့
လှိုက်စားကြွေကျနေပါရောလား...
ခုက္ခလှိုင်းထမ်းပိုးများ
အဘယ်သို့ရိုက်ခတ်သော်ငြား
ငါ့နှလုံးသားကမ်းခြေ
ကုန်ဆုံးသွားမည် မဟုတ်ချေ...
ကံကြမ္မာကို အံတုရင်ဆိုင်
ဇွဲစိတ်ခိုင်မာစွာနဲ့ ကြိုးစားရင်း
ငါ့အနာဂါတ် ကမ္ဘာသစ်ဆီသို့.....
ဒုက္ခ လှိုင်းထမ်းပိုးတို့အား ဖြတ်ကျော်ရင်း
ငါ မရောက်မချင်း
ငါ့အနာဂါတ်ကမ္ဘာဆီသို့............
သွားနေမည် ။ ။
ဒီပဲယင်းသားလေး
အောင်အောင်(မကစ)
ရင်းတွင်းဖြစ်
1/11/201



ပြန်လာခဲ့ပါ နေမင်းအတာ
            
ချစ်သော
ကောင်မလေး အတာ....
ဆုံဆည်းမှု၇ဲ့ အခြားတဖက်မှာ
ပေါင်းစပ်ခြင်းလို့ ကို ယုံကြည်ခဲ့တယ်
ချစ်ခြင်း၇ဲ့ အခြားတဖက်မှာ
ပျော်၇ွှင်မှုလို့ ကို ယူဆမိခဲ့တယ်
မြတ်နိုးခြင်း၇ဲ့ အခြားတဖက်မှာ
အကြင်နာတွေကို ကို မျှော်လင့်ခဲ့၇တယ်
ကို့ ရဲ့.....ယုံကြည်ချက်
ကို့ ရဲ့.....အယူအဆ
ကို့ ရဲ့ ..... မျှော်လင့်ခြင်း
တကယ်တော့လေ.....
နေတစင်းလိုပါဘဲလား အတာရယ်
အတာဆိုတဲ့ နေတစင်းပေါ့
ကို့ နှလုံးသားကမ္ဘာအတွက်
ပျော်ရွှင်မှု အလင်းတန်းတွေ ပေးခဲ့တယ်
လှပတဲ့အလင်းတန်းတွေ အောက်မှာ
ကို့ နှလုံားးကမ္ဘာ သာယာနေခိုက်
နေမင်း အတာ ပုံးကွယ်ကာသွားချေပြီ
စွန့်ပယ်ကာ ထားခဲ့ပြီ
ကို ချစ်တဲ့ နေမင်းအတာ
ကို့ နှလုံးသားကမ္ဘာမြေပေါ်မှာ
ပြန်ပေါ်လာမယ့်..............
နံနက်ခင်း လင်းတန်းရောင်ခြည်
ကို့ အတွက် ပြန်လာစေခြင်ပါသည်။
ကိုမျှော်နေမည် အတာ.........
ပြန်လာပါ နေမင်း အတာ
ပြန်လာခဲ့ပါ.........
ချစ်သော အတာ................

ဒီပဲယင်းသားလေး
              အောင်အောင်(မကစ)

                  
ရင်တွင်းဖြစ်
            2/11/2011

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review