မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မလေးရှာရောက် ရွှေမြန်မာများဖွဲစည်းတည်ထောင်ထားတဲ့ဘလော့မှ ကြိုဆိုပါတယ်.

Friday, 27 April 2012

မလေးရှားရောက် ရွှေမြန်မာများအား အထူး သတိပေးချက် -1



အထူး သတိပေး အပ်ပါသည် ....

ယနေ့ မလေးရှား နိုင်ငံရှိ ကေအယ်မြန်မာဆိုင်များတွင် နံနက်အချိန် နှင့် နေလည်ပိုင်း အချိန်တွင် အော်ပရာစီ( စစ်ဆင်ရေး) များဝင်ရောက် စစ်ဆေး ဖမ်းဆီးနေကြောင်း သတင်း ရရှိပါသည်။ မလေးရှားနိုင်ငံ နေရာတိုင်းတွင် အော်ပရာစီ( စစ်ဆင်ရေး) လုပ်ငန်းများ စတင်အကောင်အထည် ဖော်နေပြီ ဖြစ်ပါသည်။

သို့ ဖြစ်ပါ၍ စနေနေ့ တနင်္ဂနွေနေ့ နှင့် တစ်ခြားရက်များတွင် ရွှေမြန်မာများ ကေအယ် အနီးတစ်ဝိုက် နှင့် လူစည်ကားသော နေရာများသို့ သွာလာပါက မိမိ၏ ပတ်စပို့ နှင့် အထောက်အထား တစ်စုံတရာ မရှိပဲ သွားလာခြင်းကို သတိပြုသင့်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဖမ်း အဆီး ကိစ္စများနဲ့ ပက်သက်ပြီး သတင်းများ ကို လက်လှမ်းမှီ သလောက်တင်ပြ ပေးပါမည်။ အရေးကြီးသော မလေးရှားမှ သတင်းများကို ကျွန်တော်ရဲ့ အီးမေး nayzawlin1@nayzawlin.com - nayzawlin1@gmail.com ကိုပေးပို့၍ မလေးရောက် ရွှေမြန်မာများ အတွက် သတင်း ကဏ္ဍမှ တင်ပြ အကူအညီပေး နိုင်ပါသည်။

အယ်ဒီတာ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review