မင်္ဂလာပါ မိတ်ဆွေ အပေါင်းတို့ မလေးရှာရောက် ရွှေမြန်မာများဖွဲစည်းတည်ထောင်ထားတဲ့ဘလော့မှ ကြိုဆိုပါတယ်.

Saturday 5 May 2012

အလုပ်သမား ကဒ်လုပ်ရန်အတွက် မြန်မာအလုပ်သမားများ ထိုင်းသို့ဝင်ရောက်မှုများပြားလာ ...



ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူနယ် စပ်လမ်းတွင် ယခုဇူလိုင်လဆန်းအတွင်း၌ အလုပ် သမားကဒ်ပြုလုပ်လိုသည့် မြန်မာရွေ့ပြောင်း အလုပ်သမားအများအပြား ထိုင်းနိုင်ငံထဲသို့ယခင်က ထက်ဝင်ရောက်လာမှုပိုမိုများပြားလာကြောင်းဘုရား သုံးဆူမြို့ခံလူပွဲစားတစ်ဦးမှ ပြောသည်။

ထိုင်းနိုင်ငံအတွင်းသို့ဝင်လာသောအလုပ်သမားအများစုသည် ဇွန်လ(၁၅)ရက်နေ့က စတင်ပြုလုပ် ပေးသော အလုပ်သမားကာဒ်လုပ်ဆောင်ရန်ရည်ရွယ်ချက်နှင့်ဝင်ရောက်လာသည်ဟု အလုပ်သမားတစ်ဦးမှယခုလိုပြော ပါသည်။

“အလုပ်သမားကာဒ်ရခဲ့ရင် အလုပ်လုပ်ရတာလွယ်ကူမယ်။ အခွင့်အရေးတွေပိုရလာမယ်။ အလုပ်ခွင် အာမခံချက် လည်းရှိမယ်။ ကျွန်တော်တို့တတွေအလုပ်သမားကာဒ် လုပ်ဖို့အတွက်ကြိုးစားပြီး တက် လာကြပါတယ်။ ဒီအလုပ် သမားကာဒ်ကိုတော့ ထိုင်းနိုင်ငံထဲ ရောက်ရှိနေတဲ့ အလုပ်သမားကဒ် မလုပ်ရသေးတဲ့လူတွေကလည်း စိတ်ဝင်စား လာကြသလို တစ်ခါမှမရောက်ဖူးတဲ့သူတွေကပါ ထိုင်းနိုင်ငံကို ၀င်လာကြတာပိုများလာတယ်ပေါ့။ ပြီးတော့ ယာယီ နိုင်ငံကူးလက်မှတ်တို့ ပတ်(စ)ပို့ လုပ်ပြီး ၀င်လာဖို့ က ကျွန်တော်တို့ အလုပ်သမားတွေအတွက် စိမ်းနေတယ်။ ခက်ခဲပါတယ်”

ထို့အပြင် မြန်ပြည်တွင်း၌အလုပ်ရှားပါးလာခြင်း ကုန်ဈေးနှုန်းကြီးမြင့်လာခြင်း မိသားစုစားဝတ်နေရေးကြပ်တည်း လာခြင်းကြောင့် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ရန်ဝင်ရောက်လာသူများ လည်းရှိသည်ဟု အဆို ပါရွှေ့ပြောင်း အလုပ်သမားမှပြောသည်။

ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လိုသူများကိုပို့ဆောင်ပေးနေသော လူပွဲစားများကမူ ထိုင်းနိုင်ငံရွေးကောက်ပွဲ နှင့် တိုက်ဆိုင်နေသောကြောင့် နယ်စပ်စောင့်ထိုင်းရဲများအနေနှင့် မြို့တွင်းလုံခြုံရေးကိုသာ အဓိက ထား စောင့်ကြပ်နေသဖြင့် တောလမ်းမှတဆင့် လွယ်ကူစွာဝင်ရောက်လာနိုင်သည်ဟုဆိုသည်။ထိုင်းနိုင်ငံအတွင်း သို့ဝင်ရောက်အလုပ်လုပ်ရန် ပြည်တွင်းမှ တက်လာကြသောမြန်မာအလုပ်သမားများသည်ယခင်နှစ်များထက် ပိုမိုများပြားလာသည်ဟု လူပို့ဆောင်သူပွဲစားတစ်ဦးမှပြောပါသည်။

ထိုင်းနိုင်ငံအတွင်းဝင်ရောက်လိုသူများအနေနှင့် ခရီးစရိတ်များယခင်ကထက်ပိုမိုပေးဆောင် နေရသည်ဟု အလုပ်သမားတစ်ဦးမှယခုလိုပြောပါသည်။

“အရင်ကဆိုရင် ဘုရားသုံးဆူနဲ့ ဘန်ကောက်ကိုသွားတဲ့ ကားတစ်စီးမှာ လူဆယ်ယောက်ကျော်ရင်တစ်ယောက် ကို(၁၁၀၀၀)ဘတ်ပေးရပေမဲ့ အခုဆိုရင် (၁၂၀၀၀)ဘတ်ပေးရတယ်။ အရင်က လူဆယ်ယောက် လောက်ပဲပါတဲ့ ဇိမ်ခံကားတစ်စီးဆိုရင် တစ်ယောက်ကို (၁၂၀၀၀)ဘတ်ပေးရတယ်။ အခုဆိုရင်(၁၅၀၀၀)ဘတ် အထိဖြစ်လာ ခဲ့တယ်”

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မတ်ခ်ျလနှင့်ဧပြီလ တွင် တပေါင်းပွဲတော်နှင့်သင်္ကြာန်ပွဲတော်ဆင်နွဲရန်အလို့ငှါ ဘုရားသုံးဆူလမ်းကြောင်းမှ သော်၎င်း မြ၀တီလမ်း ကြောင်းမှ သော်၎င်း ပြည်တွင်းသို့ဝင်ရောက်ပြီး ဇွန်၊ဇူလိုင်လလောက်တွင် ထိုင်းနိုင်ငံသို့ပြန်တက်လာလေ့ ရှိသည်။

ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ (၂) သန်းကျော်ရှိနေသည်ဟု ထိုင်း အလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်ထားသော်လည်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့်အဖွဲ့ အစည်းများကမူ (၄)သန်းခန့်ရှိမည်ဟုခန့်မှန်းထားကြသည်။

Source by : ကောင်းဝါ သတင်းဌာန

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | GreenGeeks Review